ကရင်နီပြည်နယ်၊ မယ်စဲ့မြို့ရှိ သုံ့ပန်းထိန်းသိမ်းရေးစခန်းတခုကို စစ်ကော်မရှင်တပ်က ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရှစ်နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သုံ့ပန်းမိသားစုဝင် ငါးဦး သေဆုံးသွားကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရသည်။
ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ ရှစ်နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အမျိုးသမီး သုံးဦးနှင့် အမျိုးသားတဦးတို့ ဖြစ်သည်။
“ထိန်းသိမ်းရေးစခန်းပါ။ ထောင်မဟုတ်ပါဘူး။ (သေဆုံးသူတွေက)ဖားဆောင်းက ဖမ်းမိတဲ့ အမျိုးသမီးနှင့် ကလေးတွေပါ။ ရှစ်နှစ်သမီးတဦးပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အသေးစိတ်တော့မသိသေးဘူးဗျ”ဟု IEC အတွင်းရေးမှူး ဦးဗညားခွန်အောင်က မဇ္ဈိမသို့ပြောသည်။ Read more:
https://bur.mizzima.com/2026/03/05/83919