အီရန်၏ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရပါက စွမ်းအင်နှင့် ရေချိုထုတ်လုပ်သည့် စက်ရုံများ အပါအဝင် ဒေသတွင်းရှိ အရေးပါသော အခြေခံအဆောက်အအုံများကို တရားဝင် ပစ်မှတ်များအဖြစ် သတ်မှတ်ကာ "ပြန်လည်ပြုပြင်၍ မရနိုင်အောင် ဖျက်ဆီးပစ်မည်" ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

လျှပ်စစ်မီး၊ အပူပေးစနစ်နှင့် ရေပေးဝေရေးစနစ်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုစနစ်များကို တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး "အရပ်သားများအပေါ် အကြီးအကျယ် ထိခိုက်နစ်နာမှုများ" ဖြစ်စေနိုင်သောကြောင့် "အချို့သော ဖြစ်ရပ်များတွင် စစ်ရာဇဝတ်မှု မြောက်နိုင်သည်" ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း ယခုလအတွင်း ပြောကြားခဲ့သည်။

အီရန်စစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် Khatam al-Anbiya က ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေးတို့ ပိုင်ဆိုင်သော "စွမ်းအင်၊ သတင်းအချက်အလက် နည်းပညာနှင့် ရေချိုထုတ် အခြေခံအဆောက်အအုံအားလုံး" ကို တိုက်ခိုက်သွားမည်ဟု ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။…

Comments

Be the first to add a comment