Mizzima
လေယာဉ်ဆီအခက်အခဲကြောင့် MAI နှင့် MNA က ဝန်စည်အပိုသယ်ယူခွင့် ကန့်သတ်၊ လက်မှတ်ခ ၃ ဆနီးပါး မြင့်တက်
မောင်ခက်နွေ
မဇ္ဈိမ ။ ။ ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းနှင့် ပြည်တွင်းစက်သုံးဆီ ထိန်းချုပ်ကန့်သတ်မှုများကြောင့် မြန်မာ့လေကြောင်းလိုင်းများတွင် ဝန်စည်အပို သယ်ယူခွင့်ကို ၁၀ ကီလိုအထိပဲ ကန့်သတ်လိုက်ပြီး လေယာဉ်လက်မှတ်ခဈေးနှုန်းများမှာလည်း သုံးဆခန့်အထိ မြင့်တက်နေကြောင်း ခရီးသည်များထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) တို့သည် မတ်လ ၁၉ ရက်နှင့် ၂၀ ရက်တို့မှစတင်ကာ ခရီးသည်တဦးလျှင် ဝန်စည်အပိုသယ်ယူခွင့်ကို ၁၀ ကီလိုဂရမ်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ယမန်နေ့(မတ် ၁၉)တွင် အသီးသီးထုတ်ပြန်ခဲ့သည်။
MNA က ဘန်ကောက် နှင့် စင်ကာပူလေဆိပ် Check-in ကောင်တာများတွင် အများဆုံး ၁၀ ကီလိုဂရမ်သာ ထပ်တိုးဝယ်ခွင့်ပြုမည်ဖြစ်ပြီး၊ MAI ကမူ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်အားလုံးတွင် ဝန်စည်အပိုဝယ်ယူခွင့်ကို ၁၀ ကီလိုဂရမ်အထဲပဲ ကန့်သတ်လိုက်သည်။
“လေယာဥ်ခက သုံးဆတက်တယ်။ CNX to YGN ကို ပေးနေကျ checked bagged 20-30 kg မပေးတော့ဘူး” ဟု ခရီးသွားလုပ်ငန်းရှင်တဦးက…
Comments
Be the first to add a comment