Mizzima
တရုတ်နိုင်ငံအကြောင်း ပြန်ဆက်ရလျှင် HQ-9B ဒုံးကျည်များနှင့် JY-27A ရေဒါများသည် စစ်ရေးပြပွဲများတွင် အမြဲတမ်း အထင်ကြီးစရာ ကောင်းနေသော်လည်း အမှန်တကယ် တိုက်ပွဲဝင်ရာတွင်မူ ညံ့ဖျင်းလှသည်။ မျက်စိကန်း၊ နားပင်းပြီး စကားမပြောနိုင်သူများကဲ့သို့ပင်။ Red Flag 9 ဟုလည်း လူသိများသော HQ-9B က အမေရိကန်၏ အစွမ်းထက် Patriot ဒုံးကျည်များနှင့် ရုရှား၏ S-300 တို့ကို ဈေးပေါပေါဖြင့် အတုယူထားခြင်း ဖြစ်သည်။ သီအိုရီအရ ၎င်းတို့တွင် ပစ်မှတ်အမြောက်အမြားကို တပြိုင်နက် ခြေရာခံတိုက်ခိုက်နိုင်သည့် ရေဒါစနစ်များ ပါဝင်သော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက် ရလဒ်သာ ထွက်သည်။
ပြီးခဲ့သည့်နှစ် မေလမှစပြီး HQ-9B လေကာစနစ်၏ အားနည်းချက်များအပေါ် စိုးရိမ်မှုများ ကြီးထွားလာသည်။ အိန္ဒိယ၏ ပါကစ္စတန်အပေါ်ဆင်နွှဲသော "Sindoor" စစ်ဆင်ရေးတွင် တရုတ်၏ ထို ဒုံးကျည်များသည် လေးရက်ဆက်တိုက် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ ၎င်း စနစ်က မည်သည့် အရာကိုမျှ ကာကွယ်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ခြေရာခံခြင်းများ တခုမျှ မစွမ်းဆောင်နိုင်ခဲ့ပေ။
တရုတ်၏ JY-27 ရေဒါမှာ ကီလိုမီတာ ၂၈၀ မှ ၃၉၀ အတွင်းရှိ ပစ်မှတ်များကို ခွဲခြားစစ်ဆေးနိုင်သော စနစ်တခု ဖြစ်သည်။ အသံထက်မြန်သော…
Comments
Be the first to add a comment