ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ကျဉ်းများလွတ်မြောက်ရေး ပြည်ထောင်စုလွှတ်တော်တွင်တောင်းဆိုရန် NLDတိုက်တွန်း

ကိုကိုလင်းမောင် (မဇ္ဈိမ)

မဇ္ဈိမ ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းတောင်းဆိုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက တိုက်တွန်းလိုက်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်၏ နဝမ အကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ ထိုအစည်းအဝေးသို့ ပေးပို့သည့် NLD သဝဏ်လွှာတွင်ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ လမ်းစရရှိနိုင်မည်မဟုတ်ကြောင်းနှင့် အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီက အခိုင်အမာဆိုသည်။

ယင်း သဝဏ်လွှာနှင့်ပတ်သက်၍ စမ်းချောင်းမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သလို၂၀၂၀ ရွေးကောက်ခံက…

Comments

Be the first to add a comment