တရုတ်ဝန်ကြီးချုပ် လီချန်းက ကာကွယ်ရေးအသုံးစရိတ် ခုနစ် ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ပေကျင်းမြို့ရှိ Great Hall ပြည်သူ့ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင် ကြေညာခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့် ပတ်သက်၍ ပြင်းထန်သော စကားလုံးများကို သုံးနှုန်းခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် "အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်အောင် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်" ဟု ကတိပြုခဲ့သလို၊ ထိုင်ဝမ်ရှိ "ခွဲထွက်ရေး လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်" ဟု လီချန်းက ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ်က အသုံးပြုခဲ့သည့် "ဆန့်ကျင်သွားမည်" ဆိုသော ကတိစကားထက် ပိုမိုပြင်းထန်သည့် အသုံးအနှုန်းဖြစ်သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84153

#အီရန်စစ်ပွဲ
#အမေရိကန်စစ်တပ်
#အာရုံပြောင်း
#ထိုင်ဝမ်
#ကယ်တင်ရာရောက်နိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment