Pp Movie Uploader
ကြောက်စရာကောင်းလွန်းလို့လူစုံမှကြည့်သင့်တဲ့သရဲကား
🖤
📱
😘
အညွှန်းဖတ်ရန်
🔽
⬇️
နေဝင်ရီတရောအချိန်၊ နွားရိုင်းသွင်းချိန်လို့ သညာပြုကြတဲ့ Sorop သို့မဟုတ် မာဂရစ်အချိန်ဟာ ဝိဉာဉ်တွေလွတ်လပ်စာလှုပ်ရှားသွားလာနိုင်တဲ့အချိန်ဖြစ်တယ်လို့ ဘာသာဓလေ့အတော်များများမှာအယုံအကြည်ရှိကြသလို ဂျာဗားကျွန်းသားတွေမှာလည်းရှိပါတယ်။
အဲ့ဒီလိုပဲ “Puasa Sorop” ဆိုတဲ့ အစာရှောင်ခြင်းဓလေ့ဟာလည်း ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ ဝိဉာဉ်တွေကိုခေါ်ယူတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာထူးခြားချက်ကတော့ အစာရှောင်သူဟာ သင်္ချိုင်းမြေတွေကိုစားသုံးရတာပါပဲ။
ဒီဓလေ့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့လုပ်ဆောင်လေ့ရှိကြပေမယ့် ကာယကံရှင်အပေါ်မူတည်ပြီး အကောင်းအဆိုး အကျိုးအပြစ်တွေ ရလဒ်ထွက်လာရစမြဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ ဟာနစ်ဖ်နဲ့အစ်စ်တီဆိုတဲ့ ညီအစ်မနှစ်ယောက် သူတို့ဦးလေးအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့ စကားကြောင့် ငယ်ငယ်လေးကတည်းက စွန့်ခွာခဲ့တဲ့ မိသားစုပိုင်နေ အိမ်ကြီးကိုပြန်ရောက်လာပြီးမကြာခင်မှာ သေဆုံးသွားတဲ့ ဦးလေးဖြစ်သူနဲ့အတူ ထူးခြားကြောက်မက်ဖွယ်ဖြစ်ရပ်တွေကိုရင်ဆိုင်ရတာကိုတွေ့မြင်ရပါလိမ့်မယ်။
အဲ့ဒီအချိန်မှာပဲ သူတို့ငယ်စဉ်ကကြုံတွေ့ခဲ့ရဖူးတဲ့ ထိတ်လန့်ခြောက်ခြားစရာကိစ္စတွေဟာ အခုဖြစ်နေတာတွေနဲ့တိုက်ဆိုင်နေတယ်ဆိုတာကို သိလာရပြီး ရုန်းထွက်ဖို့ အဖြေရှာကြရမှာပါ။ တစ်ချိန်က Twitter မှာနာမည်ကြီးခဲ့တဲ့ thread တစ်ခုကိုအခြေခံဖန်တီးထားတာဖြစ်ပြီး Jumpscare တွေကို အားမကိုးပဲ ကင်မရာအယူအဆ၊နောက်ခံတေးဂီတ တိတ်ဆိတ်မှုတွေကနေ ခြောက်ခြားစရာဖြစ်အောင် တင်ဆက်ထားတာပါ။
ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း cinematography လှလှနဲ့သိချင်စိတ်ကိုနှိုးဆွပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။
ကြည့်ရန်
⬇️
🔽
https://t.me/ItsbetterToBe/4643
🍿
ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲
⚪
🎬
🔽
⬇️
🤩
https://t.me/addlist/fK1TGyQZgBdkODQ9
Comments
Be the first to add a comment