တရုတ်၊ ရုရှားနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများမှ တင်သွင်းလာသည့် ထောက်လှမ်းစောင့်ကြည့်ရေး အခြေခံအဆောက်အအုံများ၊ ဆိုင်ဘာလုံခြုံရေးစနစ်များ၊ စစ်တပ်ပိုင် သို့မဟုတ် ထိန်းချုပ်ခံ ဆက်သွယ်ရေး ကွန်ရက်များကို အသုံးပြုသည့် စနစ်များ၊ ဒေတာစင်တာများနှင့် ဒေတာစီမံခန့်ခွဲမှုပုံစံများသည် စစ်တပ်အတွက် ဒစ်ဂျစ်တယ် ထိန်းချုပ်မှုများကို အားဖြည့်ပေးနေသည်။ ထို့အပြင် ညကြည့်ကင်မရာပါသော အဆင့်မြင့် နိုင်ငံခြားဖြစ် ဒရုန်းများနှင့် ဒစ်ဂျစ်တယ်သက်သေခံစနစ်များအတွက် လိုအပ်သော ကိရိယာများကိုလည်း စစ်အာဏာသိမ်းအုပ်စုက ရရှိထားသည်။
တရုတ်ကုမ္ပဏီတခုဖြစ်သည့် Geedge Networks က မြန်မာစစ်တပ်အား DPI (Deep Packet Inspection) ထိုးဖောက်ထောက်လှမ်းခြင်း နည်းပညာ အပါအဝင် တရုတ်ထုတ် "Great Firewall" စနစ်ကို ပံ့ပိုးပေးခဲ့ကြောင်း ၂၀၂၅ စက်တင်ဘာ၌ Justice For Myanmar က ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအရ သိရသည်။
Read more:
https://bur.mizzima.com/2026/03/14/84945