ပိုလန်နယ်စပ်အနီး ဇီချီးနားတောင်ကုန်း၏ တောင်စောင်းတွင် ရှာဖွေတွေ့ရှိခဲ့သည့် ထိုသေတ္တာတွင် ရွှေဒင်္ဂါး ၅၉၈ ပြား၊ တန်ဆာဆင်ထားသော လက်ဝတ်ရတနာများ၊ ရွှေစီးကရက်ဘူးများနှင့် အခြားပစ္စည်းများပါဝင်ပြီး အလေးချိန် စုစုပေါင်း ခုနစ်ကီလိုဂရမ်ရှိသည်။

“ချက်၊ ဂျာမန် ဒါမှမဟုတ် ဂျူးလူမျိုးတွေရဲ့ ရွှေလားဆိုတာ ပြောဖို့ ခက်တယ်” ဟု ပြတိုက်ညွှန်ကြားရေးမှူး ပီတာဂရူလစ်က ပြောသည်။ ခန့်မှန်းစျေးကွက်တန်ဖိုးသည် ရွှေပါဝင်မှုအပေါ် အခြေခံသော်လည်း သမိုင်းကြောင်းအရ အရေးပါမှုက တန်ဖိုးကို မြင့်တက်သွားစေနိုင်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/28/54554

Comments

Be the first to add a comment