မဟာမိတ် အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ကတိပြုထားသော် လည်း၊ တိုက်ခိုက်မှုအသစ်များအတွက် အစီအစဉ်များကို ရုတ်တရက် ရွှေ့ဆိုင်းလိုက်ပြီးနောက် အမည်မဖော်လိုသော အီရန်အရာရှိတဦးနှင့် ဆွေးနွေးမှုများက “အလွန်ကောင်းမွန်သည်” ဟု သမ္မတဒေါ်နယ် ထရမ့် က တနင်္လာနေ့တွင် ကြွေးကြော်လိုက်သည်။

သို့သော် အီရန်လွှတ်တော်ဥက္ကဋ္ဌဂါလီဘတ်ဖ်က လက်ရှိတွင် “မည်သည့်ဆွေးနွေးညှိနှိုင်းမှုမျှ” မရှိကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး၊ ထရမ့်က “ဘဏ္ဍာရေးနှင့် ရေနံဈေးကွက်ကို ကစားရန်” ကြိုးပမ်းနေ ခြင်းသာဖြစ်ကြောင်း အခိုင်အမာဆိုခဲ့သည်။

စစ်ပွဲရပ်တန့်ရန် ရည်ရွယ်သည့် အမေရိကန်၏ ဆွေးနွေးညှိနှိုင်းလိုသော တောင်းဆိုချက်များကို မိတ်ဖက် နိုင်ငံအချို့ထံမှ တဆင့်လက်ခံရရှိထားသော်လည်း၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာကာအီကလည်း ပြောကြားခဲ့သည်ဟု အီရန် အစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စွမ်းအင်ဈေးကွက်
#ဆွေးနွေးညှိနှိုင်းမှု
#အီရန်အစိုးရ
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန

Comments

Be the first to add a comment