Oschadbank ဘဏ်၏ အဆိုအရ ဘဏ်ယာဉ်တန်း ဖမ်းဆီးခံရချိန်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၊ ယူရို ၃၅ သန်းနှင့် ရွှေ ကိုး ကီလိုဂရမ်ခန့် တင်ဆောင်ပါရှိသည်ဟု သိရသည်။
ဖမ်းဆီးထားသည့် ဝန်ထမ်းများကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ကားများနှင့်အတွင်းရှိ ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် Oschadbank က ဟန်ဂေရီအာဏာပိုင်များကို တောင်းဆိုထားသည်။
"တကယ်တော့ ဟန်ဂေရီက ဓားစာခံဖမ်းပြီး ငွေတွေ လုယူတာပဲ၊ ဒါဟာ မစ္စတာ အော်ဘန် (ဟန်ဂေရီ ဝန်ကြီးချုပ်) ဒီနေ့အစောပိုင်းက ပြောခဲ့တဲ့ 'အင်အား' ဆိုရင်တော့ ဒါဟာ ရာဇ၀တ်ဂိုဏ်းတဂိုဏ်းရဲ့ အင်အားမျိုးပါပဲ၊ ဒါဟာ နိုင်ငံတော်အဆင့် အကြမ်းဖက်မှုနဲ့ ငွေညှစ်မှုဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/07/84109#ယူကရိန်း
#ဟန်ဂေရီ
#ဘဏ်ယာဉ်တန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews