စက်သုံးဆီဝယ်ယူခွင့်စနစ်ကြောင့် လိုင်စင်မဲ့ကားများ အခက်ကြုံနိုင်ဟု တောင်ကြီးဒေသခံများပြော

ရောင်နီ

မဇ္ဈိမ။ ။ အာဏာသိမ်းစစ်ကော်မရှင်၏ စက်သုံးဆီဝယ်ယူခွင့်စနစ်နှင့် ကန့်သတ်မှုများကြောင့် တောင်ကြီးမြို့ရှိ လိုင်စင်မဲ့ကားစီးနင်းသူများ အခက်အခဲကြုံလာနိုင်ပြီး ဆီမှောင်ခိုရောင်းချမှုများ ပေါများလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များတွင် ယနေ့ (မတ်လ ၁၂ ရက်နေ့) မှစ၍ တနေ့လျှင် တကြိမ်သာ ဆီဝယ်ယူခွင့်ကို စတင်ကျင့်သုံးမည်ဟု စစ်ကော်မရှင်က ကြေညာထားသည်။

“ ဒီနေ့ဆီဖြည့်တဲ့ ကားတွေကို wheel tax ပါလားတော့ မေးတယ်။ မပါလာလည်း ထည့်ပေးသေးတယ်။ QR နဲ့ ဆီရောင်းတဲ့ စနစ်ကိုတော့ ၁၄ ရက်နေ့မှ စမယ်ဆိုပြီးတော့ ပြောတယ်။ အခုနေ့က ပညာပေးအနေနဲ့ ပြောပေးနေတယ်” ဟု တောင်ကြီး ဒေသခံအမျိုးသမီးတဦးက ပြောသည်။

စက်သုံးဆီ မပြတ်လပ်စေရန် အမှန်တကယ်လိုအပ်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရန်နှင့် တန်းစီဝယ်ယူမှု လျော့ နည်းပပျောက်စေရန်ဟုဆိုကာ ဆီဆိုင်များက application ကို အသုံးပြု၍ တရက် တကြိမ်သာ ဆီရောင်းချမှု ပြု လုပ်မည့်စနစ်ကို စစ်ကော်မရှင်က မတ်လ ၁၁ ရက်နေ့တွင်…

Comments

Be the first to add a comment