အမေရိကန်က အီရန်ကို တိုက်ခိုက်နေချိန် ထို ရေပြင်၌ ရုရှား သို့မဟုတ် တရုတ် စစ်သင်္ဘောများ ရှိနေခြင်းသည် စစ်ဆင်ရေးစီမံသူများ ဖြေရှင်းရမည့် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ နောက်ဆက်တွဲ သက် ရောက်မှုများ ရှိလာနိုင်သည်။ တချိန်တည်းမှာပင် အမေရိကန်၏ ဆက်လက် လုပ်ဆောင်နေဆဲ စစ်အင်အား ဖြည့်တင်းနေမှုနှင့် အချိန်ကိုက် ထွက်ပေါ်လာသော ယခု စစ်ရေးလေ့ကျင့်မှုသည် စစ်ဆင် ရေးအရထက် သတင်းစကားပါးလိုခြင်းသာ ဖြစ်ပေသည်။
ဟော်မုဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့တွင် ရုရှားနှင့် တရုတ်သင်္ဘော အရေအတွက် အနည်း ငယ် ရှိနေခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခြင်း မရှိသော် လည်း အီရန်ကို တိုက်ခိုက်မည့် ကြိုးပမ်းမှုများကို ရှုပ်ထွေးသွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
♦️ ဆောင်းပါး အပြည့်အစုံ -
https://bur.mizzima.com/2026/02/20/82591#ဟော်မုဇ်
#ရေလက်ကြား
#အီရန်
#တရုတ်
#ရုရှား
#ရေတပ်
#စစ်ရေးလေ့ကျင့်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------