စစ်ပွဲတွင်း ခေါင်းဆောင်မှုနှင့် ပူးပေါင်းကွပ်ကဲမှုဆိုင်ရာ 'SOUTHJOINT' ဗျူဟာသင်တန်း တနင်္သာရီတွင် ကျင်းပ

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်းဒေသကြီးနှင့် တောင်ပိုင်းတိုင်းစစ်ဒေသအတွင်း မဟာဗျူဟာမြောက် ပေါင်းစည်းညီညွတ်မှု ရရှိစေရန် ရည်ရွယ်သည့် 'SOUTHJOINT' ပူးပေါင်းစစ်ဆင်ရေးဗျူဟာ သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါသင်တန်းကို Mon State Federal Council ၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကာ ဒေသတွင်း လှုပ်ရှားနေသော တော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့မှ တာဝန်ရှိသူ ၄၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ သင်တန်းတွင် ဒေါက်တာမီမီဝင်းဘတ်က အဓိကဦးဆောင်သင်ကြားပေးခဲ့ပြီး သီးခြားစီလှုပ်ရှားနေရသည့် နည်းဗျူဟာအဆင့် လုပ်ဆောင်ချက်များမှသည် စနစ်တကျ ချိတ်ဆက်ထားသော စစ်ဆင်ရေးအဆင့် စီမံကိန်းများသို့ ကူးပြောင်းနိုင်ရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းကာလအတွင်း ဆွန်ဇူး (Sun Tzu) ၏ စည်းမျဉ်းများနှင့် စစ်ရေးဆိုင်ရာ အခြေခံမူများကို အသုံးချ၍ အန္တရာယ်ဘောင်အတွင်းမှ ရည်မှန်းချက်၊ နည်းလမ်းနှင့် အရင်းအမြစ်များကို မျှတစွာ ညှိနှိုင်းရေးဆွဲနိုင်ရန်…

Comments

Be the first to add a comment