အာဏာသိမ်းကာလ နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်ပေါင်း ၁၂၀,၀၀၀ နီးပါးရှိလာ

001

မဇ္ဈိမ။ ။ အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်ပေါင်း ၁၁၉,၄၁၁ လုံးရှိကြောင်း သုတေသနအဖွဲ့တခုဖြစ်သည့် Data for Myanmar က ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) က ထုတ်ပြန်သည်။

အဆိုပါ ကာလအတွင်း စစ်ကော်မရှင်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၅,၅၆၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က ပြောသည်။

တိုင်းနှင့် ပြည်နယ်အလိုက်ကြည့်ပါက စစ်ကိုင်းတိုင်းသည် နေအိမ်ပေါင်း ၇၇,၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် အတွက် နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကျော်ရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဩဂုတ်လအထိ သုံးလတာကာလအတွင်းတွင်မူ တိုင်းနှင့် ပြည်နယ် ရှစ်ခုရှိ ကျေးရွာ ၈၁ ရွာမှ အရပ်သားနေအိမ်ပေါင်း ၂,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကန့်ဘလူ၊ ပဲခူးတိုင်းရှိ မင်းလှ၊ မကွေးတိုင်းရှိ…

Comments

Be the first to add a comment