ဗန်းမော်တွင် ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ရွှေကူတွင် အရေးပေါ်ဆင်းသက်

ဂျူချန်း

မဇ္ဈိမ။ ။ တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ မီးခိုးအူထွက်ပြီးနောက် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သတင်းရင်းမြစ်နှင့် KIA ထံက သိရသည်။

“ပုစဥ်း (ရဟတ်ယာဥ်) ထိတာတော့ဟုတ်တယ်။ ရွှေကူဘက်ကို။ ပျက်ကျတာတော့မဟုတ်ဘူး” ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

ရဟတ်ယာဉ်ပစ်ခတ်ခံရသည့် သတင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးသော်လည်း ဗန်းမော်မြို့တိုက်ပွဲ၌ ဒဏ်ရာရနေသည့် ဗိုလ်မှူးအဆင့်ရှိသူ တပ်ရင်းမှူးတဦးကို လာရောက်ခေါ်ဆောင်သည့် ရဟတ်ယာဉ်ကို ပစ်ခတ်ရာတွင် မီးခိုးများထွက်လာပြီးနောက် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗန်းမော်မှာ ဗိုလ်မှူးအဆင့်ရှိတဲ့တယောက်ထိခိုက်သွားလို့ အဲ့ဒီဗိုလ်မှူးကိုကယ်ဖို့လာတဲ့ ရဟတ်ယာဉ်လို့ပြောတယ်။ အဲ့ဒီရဟတ်ယာဉ်ကို ပြန်ပစ်တော့ မီးခိုးနဲ့ပျံထွက်သွားတယ်။ ရွှေကူနားမှာ အဲ့ဒီရဟတ်ယာဉ်ပြန်ဆင်းသွားတယ်ဆိုတဲ့ သတင်းပဲတွေ့ပါတယ်။ ကျွန်တော်တို့ အတည်မပြုနိုင်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက…

Comments

Be the first to add a comment