Mizzima
ဂျပန်နိုင်ငံတွင် နေ့စဉ်သွားလာရေးအတွက် စက်ဘီးကို အသုံးပြုသည့် သက်ကြီးပိုင်း အရေအတွက်မှာ ဥရောပ သို့မဟုတ် အမေရိကန်ပြည်ထောင်စုရှိ သက်ကြီးပိုင်းများထက် သိသိသာသာ ပိုမိုများပြားသည်။ စက်ဘီးစီးသည့် အလေ့အကျင့်ရှိသူများသည် ကိုယ်လက်လှုပ်ရှားမှု ပိုမိုအားကောင်းပြီး လူမှုဆက်ဆံရေးတွင်လည်း ပိုမိုတက်ကြွကြကြောင်း ယခင်သုတေသနများက ဖော်ပြခဲ့ဖူးသည်။
ယင်းအကျိုးသက်ရောက်မှုများကို ပိုမိုနားလည်နိုင်ရန် သုတေသီများသည် သက်ကြီးပိုင်းများ၏ စက်ဘီးစီးသည့် အလေ့အကျင့်ကို အပိုင်းနှစ်ပိုင်းခွဲ၍ လေ့လာခဲ့ကြသည်။ ပထမအဆင့်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပါဝင်သူများ၏ စက်ဘီးစီးသည့် အကြိမ်ရေကို ကြည့်ရှုခဲ့ပြီး ယင်းနောက်ပိုင်း ၁၀ နှစ်တာကာလ (၂၀၂၃ ခုနှစ်အထိ) အတွင်း ၎င်းတို့တွင် ရေရှည်ပြုစုစောင့်ရှောက်မှု လိုအပ်လာခြင်း ရှိ၊ မရှိ နှင့် သေဆုံးမှုနှုန်းတို့ကို စောင့်ကြည့်လေ့လာခဲ့သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ပြုစုစောင့်ရှောက်ရမှု
#သက်ကြီးပိုင်းများ
#စက်ဘီးစီးခြင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment