အီရန်စစ်ပွဲအပေါ် "လွန်စွာစိုးရိမ်ပူပန်" ဟု စစ်ကော်မရှင် ထုတ်ပြန်
001
မဇ္ဈိမ။ ။ အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလော ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများအတွက် “လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း” စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မတ် ၆) ညပိုင်းတွင် ထုတ်ပြန်သည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို အခြေခံပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် သံတမန်ရေး ကြိုးပမ်းမှုသည်သာ ပဋိပက္ခကို ဖြေရှင်း နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။
“အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင် ပါဝင်နေသည့် နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစား လိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းပါသည်”ဟု စစ်ကော်မရှင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။ Read more >>
https://bur.mizzima.com/2026/03/06/84096