ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်မှ အရာရှိ တဦးအပါအဝင်သုံးဦးသေဆုံးကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တဦးကျဆုံးခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းမှ တက်လာသော စစ်ကြောင်းကို ဖလမ်းမြို့နယ် လှန်ဇောလ်( Hlan Zawl) ကျေးရွာအနီးတွင် ယမန်နေ့ (မတ်လ၃ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“စစ်တပ်ဖက်က ဗိုလ်တဦးနဲ့အပါဝင် သုံးဦးသေ ၊ လေးဦးထက်မနည်းဒဏ်ရာရပါတယ်၊ ကျနော်တို့ ဖက်ကတော့ ရဲဘော်တဦးကျဆုံးပါတယ်၊ တိုက်ပွဲက ဒီနေ့မှာလည်းဆက်ဖြစ်နေတယ်” ဟု ဖလမ်းမြို့ နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိသူတဦး က မဇ္ဈိမကို ပြောသည်။ Read more:
https://bur.mizzima.com/2026/03/04/83853