Mizzima
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပရိတ်သတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်
ကီရာ
မဇ္ဈိမ ။ ။ ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်ရှုသည့် ပရိတ်သတ်အမျိုးသမီးတဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ မဇ္ဈိမ စုံစမ်းသိရသည်။
ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပထမပိုင်းပွဲစဉ် ပြီးဆုံးချိန်တွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပွဲကြည့်စင်မှ ပရိသတ်တဦးက ရန်ကုန်ယူနိုက်တက်အသင်းမှ ယှဉ်ပြိုင်ကစားနေသည့် မောင်မောင်လွင်ကို အော်ဟစ်ပြောဆိုနေခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။
ပွဲစဉ် Live ထုတ်လွှင့်မှုတွင်လည်း ”ဘာလုပ်တာလဲ၊ ငါ့ကိုလာမလုပ်နဲ့နော် ဘောလုံးသမားဖြစ်ပြီးတော့ လူပါးလာမဝနဲ့ ဒီမှာငါ့ကို လာလုပ်နေတယ်။ ပါးကို လာထိုးတယ်၊…
Comments
Be the first to add a comment