Mizzima
ယူကရိန်းဒရုန်းဟု ထင်မှတ်ပြီး ကိုယ့်ရဟတ်ယာဉ်ကိုယ် မှားယွင်းပစ်ချမိသည့် ရုရှား
Defence Blog
ရုရှားနိုင်ငံ၊ ရော့စတော့ဗ်ဒေသတွင် မတ်လ ၃ ရက်နှောင်းပိုင်းက ယူကရိန်း၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုအတွင်း ရုရှားတပ်ဖွဲ့ဝင်များက ၎င်းတို့၏ စစ်ရဟတ်ယာဉ်တစင်းကို မှားယွင်းပစ်ချမိခဲ့ဟန်ရှိကြောင်း Militarnyi သတင်းဌာနက ဖော်ပြလိုက်သည်။
ယူကရိန်း၏ ဒရုန်းအုပ်စုလိုက်တိုက်ခိုက်မှုကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ပြန်လည် ခုခံစဉ်အတွင်း မီလီရိုဗိုမြို့အနီးတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသည့်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သတင်းရရှိသော်လည်း အရေအတွက်အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ရုရှားတောင်ပိုင်းဒေသများကို ပစ်မှတ်ထားသည့် အကြီးစားဒရုန်းတိုက်ခိုက်မှုတခုအတွင်း ယင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားသည်။
ရော့စတော့ဗ်ဒေသတွင် ယူကရိန်းဒရုန်းများကို ရုရှားကာကွယ်ရေးစနစ်များက ပစ်ခတ်နေစဉ် ရုရှား ရဟတ်ယာဉ်ကို ရန်သူ့ပစ်မှတ်အဖြစ် မှားယွင်းသတ်မှတ်မိနိုင်သည့် အခြေအနေမျိုးဖြစ်ပေါ်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။…
Comments
Be the first to add a comment