ကာ့ဒ်အုပ်စု ငါးစုက "အီရန်ကာ့ဒ်ဒစ္စတန် နိုင်ငံရေးအင်အားစုများ မဟာမိတ်အဖွဲ့" ကို ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာပြီး "အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို ဖြုတ်ချရန်၊ ကာ့ဒ်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်နှင့် အီရန်ကာ့ဒ်ဒစ္စတန်ရှိ ကာ့ဒ်လူမျိုးများ၏ နိုင်ငံရေးဆန္ဒအပေါ် အခြေခံသော အမျိုးသားရေးနှင့် ဒီမိုကရေစီယန္တရားတရပ် တည်ထောင်ရန်" ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာ့ဒ်အုပ်စုများက ၎င်းတို့၏ မဟာမိတ်ညွန့်ပေါင်းအဖွဲ့ကို ကြေညာပြီးနောက် ပါလဗီက "မကြာသေးတဲ့ ရက်ပိုင်းမှာ ခွဲထွက်ရေးအုပ်စုတွေ၊ အချို့က ခိုမေနီရော ဆဒမ်ဟူစိန်နှင့်ပါ ပူးပေါင်းခဲ့ကြသူတွေအဖြစ် မှတ်တမ်းရှိသူတွေဟာ အီရန်ရဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသား ညီညွတ်ရေးကို ထိခိုက်စေတဲ့ အခြေအမြစ်မရှိ စက်ဆုပ်ဖွယ် အပြောတွေ ပြောဆိုလာကြတယ်" ဟု X (တွစ်တာ) တွင် ရေးသားခဲ့သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/02/28/83294#အီရန်
#ကာ့ဒ်အုပ်စုများ
#တင်းမာမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews