Pp Movie Uploader
စိတ်ဓာတ်ကျနေချိန်။ စိတ်အားငယ်နေချိန်တွေမှာကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး
🖤
📱
😘
အညွှန်းဖတ်ရန်
🔽
⬇️
ဒီတစ်ခုကတော့ Must Watch တွေထဲမှာထိပ်ဆုံးကပါပဲ။
ဇာတ်ကြောင်းကတော့ လျှိုချွင်းဟယ်ဆိုတဲ့ အသက်နှစ်
ဆယ်အရွယ်ကောင်လေးက ဦးနှောက်အကြောသေရောဂါ
ခံစားနေရပါတယ်။
ဉာဏ်ကောင်းပေမယ့် အဲ့ဒီရောဂါကြောင့် ပုံမှန်ကလေးတွေ
လို လူ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ အလုပ်ရဖို့ ကျောင်း
ကောင်းကောင်းတက်နိုင်ဖို့ အဆင်မပြေခဲ့ပါဘူး။
အပြင်လူတွေထက်ပိုဆိုးတဲ့ဒဏ်ရာကတော့ မိသားစု
အတွက်ကိုယ်က၀န်ထုပ်၀န်ပိုးကြီးဖြစ်နေတာပါ။ဒီလို
ရောဂါမျိုးတွေက မိသားစုအတွက်ကော ခံရသူအတွက်ပါ
အရမ်းခက်ခဲပါတယ်။
မိဘကိုလည်းငါ့ကိုဘာလို့ဒီလိုဖြစ်အောင်မွေးပေးခဲ့တာ
လည်းဆိုပြီးလည်း အပြစ်တင်မိတယ်။ သူ့အဖွား
ရောက်လာပြီးတော့ အဖွားရဲ့သူငယ်ချင်းတွေနဲ့တီးဝိုင်းမှာ
ပါရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သူအားတက်
လာခဲ့တယ်။
ဒါပေမဲ့ အဲ့ဒီကောင်မလေးက သူ့အမေလိုမျိုးပဲသူ့အပေါ်
လုံးလုံးကြီးနားလည်ပေးနိုင်တဲ့သူမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ လျှိုချွင်းဟယ်ပြောသလိုပါပဲ နေရောင်ခြည်မ
ရောက်တဲ့အမှောင်မိုက်ဆုံးနေရာတွေမှာတောင် ရေညှိပင်
လေးတွေက ပျိုနီပန်းလိုသိက္ခာရှိရှိပွင့်လန်းနိုင်အောင် သူ့
အင်အားသူအသုံးချပြီး တိုက်ခိုက်နေကြတယ်တဲ့။
သူကိုယ်တိုင်ကလည်းအဲဒီလိုကြိုးစားရှင်သန်နေပေမယ့်
လည်း အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်အနေနဲ့
ဒီဒုက္ခတွေကိုဘယ်လောက်များဆက်ခံစားနိုင်မှာလဲ။
မသန်စွမ်းတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ဆက်ဆံပုံတွေ
ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်ပြီး မိသားစုတွင်း
ပြဿနာတွေကိုပါ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင်နဲ့ချပြသွား
တဲ့ကားပါ။
Cast တွေအနေနဲ့ကတော့ တော်တော်များများ Jackson
Yee လို့သိကြမယ့် Chinese idol and actor ယိယန်
ချန်းရှီပါ။
ချန်းရှီက သူ့ရဲ့ ML အနေနဲ့ပထမဆုံးကား Better days
နဲ့တင် သရုပ်ဆောင်ပိုင်းမှာနေရာတစ်နေရာယူထားနိုင်ခဲ့ပြီး
သူ့ထက်ဝါအများကြီးရင့်တဲ့မင်းသမီးကျိုးတုန်းယွီနဲ့
တန်းတူသရုပ်ဆောင်စွမ်းရည်ကိုချပြနိုင်ခဲ့တဲ့သူမို့
ဒီကားမှာလည်းသရုပ်ဆောင်ကတော့ပြောစရာမလိုပါဘူး။
ချန်းရှီက များသောအားဖြင့် ဒီလိုသဘာ၀ဆန်တဲ့ကားတွေ
ရိုက်တာများပြီး ကားတိုင်းကလည်း ကြည့်ရှုသူကို မက်ဆေ့
ဒ်တစ်ခုအောင်အောင်မြင်မြင်ပေးနိုင်ပါတယ်။
Yee လူ့သကြမယ့် Cninese idol and actor ယယန
ချန်းရှီပါ။
ချန်းရှီက သူ့ရဲ့ ML အနေနဲ့ပထမဆုံးကား Better days
နဲ့တင် သရုပ်ဆောင်ပိုင်းမှာနေရာတစ်နေရာယူထားနိုင်ခဲ့ပြီး
သူ့ထက်ဝါအများကြီးရင့်တဲ့မင်းသမီးကျိုးတုန်းယွီနဲ့
တန်းတူသရုပ်ဆောင်စွမ်းရည်ကိုချပြနိုင်ခဲ့တဲ့သူမို့
ဒီကားမှာလည်းသရုပ်ဆောင်ကတော့ပြောစရာမလိုပါဘူး။
ချန်းရှိက များသောအားဖြင့် ဒီလိုသဘာ၀ဆန်တဲ့ကားတွေ
ရိုက်တာများပြီး ကားတိုင်းကလည်း ကြည့်ရှုသူကို မက်ဆေ့
ဒ်တစ်ခုအောင်အောင်မြင်မြင်ပေးနိုင်ပါတယ်။
သူ့ရဲ့လျှိုချင်းဟယ်ကာရိုက်တာကိုကြည့်လိုက်ရင် စင်မြင့်
ထက်ကကြယ်ပွင့်လေးဆိုတဲ့ Image ကိုတောင်မေ့သွား
ပြီး ဖန်တွေတောင်ပုံမှန်လူအဖြစ်ခံစားမိသည်အထိပါပဲ။
ကြည့်မိလို့အချိန်ပေးရတန်တယ်ဆိုတာထက်ကိုပိုတဲ့
Movie လေးတစ်ခုမို့ ရှုစားလိုက်ကြပါဦးရှင့်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါ
ကြည်ရန်
🔽
⬇️
https://t.me/NaytoeCar/3618
🍿
ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲
⚪
🎬
🔽
⬇️
🤩
https://t.me/addlist/fK1TGyQZgBdkODQ9
Comments
Be the first to add a comment