အိန္ဒိယနိုင်ငံတွင် ရှေ့လာမည့် ၂၅ ရက်စာအတွက် လုံလောက်သည့် ရေနံစိမ်းနှင့် စွမ်းအင်ထုတ်ကုန်များ (ဓာတ်ဆီနှင့် ဒီဇယ်) သိုလှောင်လက်ကျန်ပစ္စည်း အသီးသီးရှိနေပြီး စုစုပေါင်း ရက်ပေါင်း ၅၀ စာ ဖူလုံမှုရှိကြောင်း အစိုးရသတင်းရင်းမြစ်များက မတ်လ ၃ ရက် ပြောသည်။

"ရေနံစိမ်းအတွက်က ကျွန်တော်တို့ဟာ အတန်အသင့် စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်" ဟု သတင်းရင်းမြစ်တဦးက ပြောသည်။ "အခုချိန်မှာ ကျွန်တော်တို့မှာ ရေနံစိမ်း အရန်သိုလှောင်မှု ၂၅ ရက်စာ ရှိတဲ့အပြင် ၂၅ ရက်စာ စွမ်းအင်ထုတ်ကုန် လက်ကျန်တွေလည်း ရှိပါတယ်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83761

#အိန္ဒိယ
#ရေနံစိမ်း
#အရန်သိုလှောင်မှု
#၂၅_ရက်စာ
#ဓာတ်ဆီ
#ဒီဇယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment