အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် ပိုမိုကျယ်ပြန့်လာနိုင်သည့် အန္တရာယ်ရှိနေပြီး အီရန်၏ မဟာမိတ်ဖြစ်သော ယီမင်ဟူသီအဖွဲ့သည် စနေနေ့ (မတ်လ ၂၈ ရက်) တွင် အစ္စရေးအား ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ပြီး တချိန်တည်းမှာပင် အမေရိကန်၏ ထပ်တိုးစစ်အင်အားများသည်လည်း အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

တပ်ဖွဲ့နှစ်ခုအနက် ပထမတဖွဲ့သည် ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောဖြင့် သောကြာနေ့တွင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က စနေနေ့တွင် ထုတ်ပြန်သည်။

အီရန်နိုင်ငံကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံအချို့အပေါ် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။ သောကြာနေ့က ဆော်ဒီအာရေဗျရှိ လေတပ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခဲ့ရာတွင် အမေရိကန်စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိပြီး ယင်းမှာ ယနေ့အထိ အမေရိကန် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အပြင်းထန်ဆုံး ထိုးဖောက်တိုက်ခိုက်မှုများအနက် တခုဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#ယီမင်ဟူသီ
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment