အမှန်တကယ်တွင်လည်း နေထိုင်မှုပုံစံ အပြောင်းအလဲကြောင့် သုတေသနတွင် ပါဝင်သူ လေးဦးလျှင် တဦးခန့်က ကိုယ်အလေးချိန် မကျဘဲ သွေးတွင်းသကြားဓာတ်ကို ပုံမှန် ပြန်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ ဤသို့ ပုံမှန်ပြန်ဖြစ်လာခြင်းသည် ကိုယ်အလေးချိန် ချ၍ ပုံမှန် ပြန်ဖြစ်ခြင်းနှင့် အတူတူပင် အနာဂတ်၌ ဆီးချိုဖြစ်မည့် အန္တရာယ်ကို တန်းတူကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။

ထိုသို့ အဆီများကို နေရာချရန်အတွက် အစားအသောက်ပုံစံ အချို့က ကူညီနိုင်သည်။ ငါးကြီးဆီ၊ သံလွင်ဆီနှင့် အစေ့အဆန်များ ကြွယ်ဝသော မြေထဲပင်လယ်စာ အစားအသောက်များတွင် ပါဝင်သည့် Polyunsaturated fatty acids က ဗိုက်ခေါက်အဆီကို လျော့ကျစေနိုင်သည်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ခြင်းကလည်း ကိုယ်အလေးချိန် မပြောင်းလဲသော်လည်း ဝမ်းဗိုက်အဆီကို လျော့ကျစေသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဆီးချို
#အဆီ
#ကမ္ဘာတဝန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment