အီရန်၏ တောင်းဆိုချက်များတွင် အထူးသဖြင့် စစ်လျော်ကြေးပေးရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားရန်တို့မှာ အိမ်ဖြူတော်က လက်ခံနိုင်ဖွယ်မရှိသောအချက်များ ဖြစ်သည်။

အမေရိကန်နှင့် အီရန်တို့အကြား မည်သည့်ဆွေးနွေးပွဲမဆို ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

အီရန်သည် ပင်လယ်ကွေ့အာရပ် အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း ဖိအားပေးမှုများ ဆက်လက် လုပ်ဆောင်နေသည်။ ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ ရေနံထွက်ရှိရာ အရှေ့ပိုင်းပြည်နယ်အတွင်း ဒရုန်းအနည်းဆုံး ရှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ဘာရိန်းတွင်လည်း ဒုံးကျည်သတိပေးဥဩသံများ ထွက်ပေါ်ခဲ့သည်။

ကူဝိတ်က ဒရုန်းအများအပြားကို ပစ်ချနိုင်ခဲ့သော်လည်း ဒရုန်းတစင်းမှာ ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လောင်စာဆီသိုလှောင်ကန်ကို ထိမှန်ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အမေရိကန်
#အပစ်ရပ်စဲရေးအစီအစဉ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment