ကွင်းဆက်လူသတ်သမား ‘အမ် ဆိုင်ယာနိုက်’ ကို နောက်ထပ် သေဒဏ်နှင့် ထောင်ဒဏ်တသက် ချမှတ်ထိုင်းနိုင်ငံတွင် “အမ် ဆိုင်ယာနိုက်” (Aem Cyanide) ဟု လူသိများသော ကွင်းဆက်လူသတ်သမား ဆာရာရတ် ရန်စီဝူသာပွန် ကို ကျောင်းဆရာမတဦးအား ဆိုင်ယာနိုက်အဆိပ်ခတ် သတ်ဖြတ်မှုဖြင့် ရာဇဝတ်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် သေဒဏ်ချမှတ်လိုက်ပြီး နောက်ထပ် တဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်တသက် ချမှတ်လိုက်သည်။ အမှုနှစ်ခုအတွက် စီရင်ချက်များကို ကြားနာရန် အကျဉ်းဦးစီးဌာန အရာရှိများက ဆာရာရတ်ကို ဗဟိုအမျိုးသမီး အကျဉ်းထောင်မှ ရာဇဝတ်တရားရုံးသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ Thai PBS၏ သတင်းကို အခြေ
▶️ Watch on YouTube · MizzimaTV