မိခင်ဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံရပြီးနောက် လပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ် နာမည်ကြီးလာခဲ့သည့် ဂျပန်တိရစ္ဆာန်ရုံတရုံမှ မျောက်ကလေးတကောင်ကို ကြည့်ရှုရန်အတွက် ဖေဖေါ်ဝါရီ ၂၀ ရက်၌ လူအများအပြား စုဝေးရောက်ရှိခဲ့ကြသည်။
အသက်ခြောက်လသားအရွယ် Punch ဟု ခေါ်သည့် ထိုမျောက်ကလေး တိရစ္ဆာန်ရုံဝန်ထမ်းများကို အားကိုးတကြီး ဖက်တွယ်ထားရင်း အော်ရန်အူတန် မွှေးပွအရုပ်လေးကို တရွတ်တိုက်ဆွဲပြီး သွားနေသည့် ဗီဒီယိုရုပ်သံတခု အိတ်စ်ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် အင်တာနက်ပေါ် နာမည်ကြီးသွားခဲ့ခြင်း ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - >>
https://bur.mizzima.com/2026/02/21/82649#ဂျပန်
#တိရစ္ဆာန်ရုံ
#မျောက်ကလေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews