အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြည်တွင်း၌လည်ပတ်နေသည့် ဘိလပ်မြေစက်ရုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဘိလပ်မြေထုတ်လုပ်နိုင်မှုပမာဏသည်လည်း ၄၀ ရာခိုင်နှုန်းကျော် ထပ်မံကျဆင်းသွားခဲ့ကြောင်း စစ်ကောင်စီက ပြောဆိုသည်။

ငလျင်မလှုပ်ခင်က ဘိလပ်မြေစက်ရုံကိုးခုမှ တရက်လျှင်တန် ၃၀,၇၀၀ (အိတ် ၆၁၄,၀၀၀) ထုတ်လုပ်ခဲ့သော်လည်း ငလျင်လှုပ်ပြီးနောက် စက်ရုံခြောက်ရုံမှ တန် ၁၇,၁၀၀ (အိတ် ၃၄၂,၀၀၀) သာထုတ်လုပ်နိုင်တော့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2025/04/29/54646

Comments

Be the first to add a comment