အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ ဒေါ်လာဘီလီယံနှင့် ချီလိမ်လည်နေသည့် အရှေ့ တောင် အာရှရှိ "လိမ်လည်မှုစင်တာများ"ကို တိုက်ဖျက်ရာတွင် အမေရိကန်က "ဦးဆောင်တိုက်ပွဲဝင်ရန် သန္နိ ဋ္ဌာန်ချထားကြောင်း" အမေရိကန်ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရို(အက်ဖ်ဘီအိုင်)၏ အဆင့်မြင့် အရာရှိတဦးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ သွားရောက်ကာ ငွေလိမ်စင်တာအများအပြားကို ကိုယ် တိုင်သွား ရောက်စစ်ဆေးပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အက်ဖ်ဘီအိုင်၏ နိုင်ငံတ ကာစစ်ဆင်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ စကော့ ရှဲလ်ဘဲလ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/24/83007

#အရှေ့တောင်အာရှ
#ငွေလိမ်စင်တာများ
#တိုက်ဖျက်ရာတွင်
#အမေရိကန်
#FBI
#ဦးဆောင်တိုက်ပွဲဝင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------

Comments

Be the first to add a comment