"ရေဘဝဲ"လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ် - အပိုင်း (၂)
နွေဦးတော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူဖို့ဟာ မတရားအကျဉ်းကျခံနေရတဲ့ ရေဘဝဲနိုင်ငံရေး အကျဉ်းသားရဲဘော်တွေရော လက်ရှိမြေပြင်မှာ လှုပ်ရှုားနေတဲ့ ရေဘဝဲရဲဘော်တွေရဲ့ တော်လှန်ရေးသစ္စာဖြစ်ပါတယ်။
အစကတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လူထုကို ကာကွယ်ဖို့အတွက် သစ်သားပြား စတီးပြားတွေနဲ့ ကာကွယ်ရေး တိုင်းက အဖွဲ့ဖွဲ့စည်းရာကနေ နွေဦးတော်လှန်ရေး ဆင့်ကဲပြောင်းလဲလာမှုဖြစ်စဉ်တွေနဲ့ နိုင်ငံရေးလိုအပ်ချက်အရ စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက် လူငယ်အဖွဲ့အစည်းအဖြစ် ကျစ်လျစ်ခိုင်မာစွာ ဖွဲ့စည်းခဲ့ပါတယ်. ရေဘဝဲမှာ အမျိုးသမီး အမျိုးသားနဲ့ လိင်စိတ်ခံယူကွဲပြားသူတွေ နိုင်ငံရေးကျောင်းသားလှုပ်ရှားမှု နောက်ခံသမိုင်း မရှိတဲ့ လူငယ်တွေ အများအားဖြင့် ပါဝင်ပါတယ်. ရေဘဝဲနဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ မြေပြင် သပိတ်လှုပ်ရှားမှုတိုင်းက လူထုအတွက် ထိရောက်မှုရှိခဲ့သလို အကြမ်းဖက် စစ်တပ်ရဲ့ နားရွက်ကို တံတွေးဆွတ်ခဲ့တဲ့ အကြိမ်အရေအတွက်ဟာလည်း မနည်း တော့ပါဘူး စစ်ကားတွေပတ်နေတည်းကျ ကျွန်တော်တို့ hand speaker ကိုင်ပြီးတော့ လူထုကို လှုံ့ဆော်ခဲ့တာတွေ သပိတ်လုပ်မယ့်နေရာကို ပိတ်ဖမ်းမှု စီစဉ်နေတဲ့အချိန် ချက်ချင်းအပြောင်းအလဲလုပ်ပြီးတော့ ငုံ့မခံဘဲ တုံ့ပြန်ခဲ့တာတွေ သင်္ကြန်အကြိုနေ့မတိုင်မီ ပတ်ပတ်လည် ချထားတဲ့နေရာမှာ စီစဉ်သင်္ကြန်သီချင်းဖွင့်ပြီး လူထုကို ကပြဖျော်ဖြေ လှုံ့ဆော် ခဲ့ တာတွေ ရဲ စခန်းနှစ်ခုကြား မြို့လယ်ခေါင်မှာ ညသပိတ်ဆင်နွှဲခဲ့တာတွေကတော့ အခု ၂၀၂၃ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်.

လူငယ့်အတွေး လူငယ့်အသံ တော်လှန်ရေးထဲက လူငယ့်အားမာန် အစီအစဉ်ကို TWI Research Teamမှ စီစဉ်တင်ဆက်ထားသည်။

#ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း

Comments

Be the first to add a comment