PP LINK UPLOAD
🤩
လူသားဝံပုလွေတပ်ဖွဲ့
🤩
အညွှန်းဖတ်ရန်
⬇️
⬇️
ဇာတ်လမ်းနောက်ခံက ၂၀၂၉ ခုနှစ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားအတွက် ပေါင်းစည်းဖို့ ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။ ဒါကို မလိုလားတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ကိုရီးယားကျွန်းဆွယ်ဟာ စီးပွားရေးပျက်ကပ်ဆိုက်ပြီး ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရှုပ်ထွေးနေပါတယ်။
ဒီလိုအခြေအနေမှာ ပေါင်းစည်းရေးကို ဆန့်ကျင်တဲ့ "Sect" ဆိုတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာပါတယ်။ သူတို့ကို နှိမ်နင်းဖို့အတွက် အစိုးရက အထူးလက်နက်ကိုင်တပ်ဖွဲ့ (Special Unit) ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက အပြင်က အကြမ်းဖက်သမားတင်မကဘဲ အစိုးရအတွင်းပိုင်းက အမျိုးသားလုံခြုံရေးဌာန (Public Security Dept) ကလည်း အာဏာလုချင်တဲ့အတွက် ဒီအထူးတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ ကြံစည်လာတာပါပဲ။
ဒီလို အဖွဲ့အစည်းနှစ်ခုကြားက တိုက်ပွဲကြားထဲမှာ အထူးတပ်ဖွဲ့ရဲ့ ထိပ်တန်းလူသတ်လက်နက် (သို့မဟုတ်) "လူသားဝံပုလွေ" လို့ တင်စားကြတဲ့ လျှို့ဝှက်တပ်ဖွဲ့ဝင် တစ်ယောက် နိုင်ငံရေးအကွက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ ချစ်ခြင်းမေတ္တာကြား ဘယ်လိုဗျာများပြီး ရုန်းကန်ရမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ကြည့်ရန်
🔽
⬇️
https://t.me/c/2152604317/4151
ချန်နယ်အရက်Joinပါ
⬇️
🔽
https://t.me/+yA9che_2qt81Yzdl
Comments
Be the first to add a comment