အီရန်စစ်ပွဲတွင် တရုတ်၏ သွယ်ဝိုက်ပါဝင်ပတ်သက်မှုမှာ ပိုမိုထင်ရှားလာပြီး အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့်ပတ်သက်၍ စိုးရိမ်မှုအသစ်များ ထွက်ပေါ်လာခြင်း ကြောင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအထိ ကျယ်ပြန့်လာနိုင်ခြေ ပိုမိုမြင့်တက်လာနေသည်။

အီရန်အသုံးပြုနေသည့် အဆင့်မြင့်လက်နက်များသည် တရုတ်နှင့် ဆက်နွှယ်နေကြောင်း ချန်းက ထောက်ပြခဲ့ပြီး၊ ယင်းအချက်က ဒေသတွင်းပဋိပက္ခအရှိန်ကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"အမေရိကန်လေယာဉ်တင်သင်္ဘော အေဘရာဟမ် လင်ကွန်းကို အီရန်က ပစ်ခတ်ခဲ့တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေက တရုတ်လက်နက်တွေပါ။ အီရန်လက်ထဲမှာ ဒီလိုတရုတ်ဒုံးကျည်တွေ အများကြီးရှိနေတာ သိသာပါတယ်" ဟု ဂေါ်ဒန်ချန်းက ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85539

#အမေရိကန်
#ရေတပ်ကို
#ပစ်မှတ်ထား
#တရုတ်ဒုံးကျည်
#စစ်ပွဲအခြေအနေ
#ပြောင်းလဲသွားနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------

Comments

Be the first to add a comment