သို့ရာတွင် နိုင်ငံတဝန်း စက်သုံးဆီအတွက် မသေချာ မရေရာမှုများ ရှိနေရာ လက်ရှိအချိန်အထိ ဘတ်စ်ကားလက်မှတ် ထက်ဝက်ခန့်သာ ရောင်းချရသေးကြောင်း ခရီးသည်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများက The Straits Times သို့ ပြောသည်။ ယခင် နှစ်များကမူ ယခုကဲ့သို့ ပွဲတော်နီးလာသော အချိန်မျိုးတွင် လက်မှတ် ၈၀ ရာခိုင်နှုန်းခန့်အထိ ရောင်းချပြီးလေ့ ရှိသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များကလည်း အခြေအနေကို စောင့်ကြည့်နေသည်။ နိုင်ငံအနှံ့ ပြေးဆွဲနေသော ခရီးသည်တင်ကား အစီးရေ အနည်းဆုံး ၁၅,၀၀၀ ရှိကာ အဖွဲ့ဝင် ၅၀၀ ရှိသည့် ထိုင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင် ကားလိုင်းလုပ်ငန်းရှင်များအနေဖြင့် ဆွန်ခရန် ရက်နီးမှ ကားလက်မှတ်များ ထုတ်ရောင်းရန် စီစဉ်ထားကြောင်း ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စက်သုံးဆီအရေး
#ရတက်မအေး
#ဆွန်ခရန်ပွဲ
#ကားလက်မှတ်
#ဖြတ်သူနည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------

Comments

Be the first to add a comment