ကျောက်ဆည်တွင် လက်နက်ခဲယမ်းသယ်ဆောင်လာသည့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်
ကျောက်ဆည်တွင် လက်နက်ခဲယမ်းသယ်ဆောင်လာသည့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်၀၀၈မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောသည်။တံတားဦး လေတပ်စခန်းမှ လက်နက်ခဲယမ်းများသယ်ဆောင်ပြီး ကျောက်ဆည်မြို့ဘက်သို့ ဦးတည်မောင်နှင်လာသည့် စစ်ကားကို တံတားဦး-ကျောက်ဆည်လမ်းပိုင်း ကျောက်ဆည်မြို့နှင့် နှစ်မိုင်ခန့်အကွာတွင် ဇူလိုင် ၁၈ရက်၊နံနက် ၉နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။"တံတားဦးလေတပ်ကနေ ခဲယမ်းေတွ တင်ဆောင်လာတဲ့ ကားအကြီးတစီးကို ကျောက်ဆည်မြို့မရောက်မီ နှစ်မိုင်အကွာလောက်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေ ပဒေသာမိုင်း လေးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။သတင်းကြိုရလို့ စောင့်တိုက်ခဲ့ပါ။"ဟု ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။ထိခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှု တစုံတရာ မရှိ၍ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော်လည်း ပြည်သူလူထုထိခိုက်မည်ကို စိုးရိမ်၍ စစ်ဆင်ရေးကို ဖျက်လိုက်ရပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီကားများဖြင့် ကပ်မလိုက်ကြရန် ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထူးမေတ္တာရပ်ခံထားသည်။အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ် ပြညါသူ့ကာကွယ်ရေးတပ်ဖွဲ့(KRA)နှင့်အတူ ကျောက်ဆည်KDDF၊စဉ့်ကိုင်မြို့နယ်(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့မှ အဓိက ထောက်ပို့ကူညီပေးခဲ့ကြောင်းသိရသည်။စာတည်း။ ။အောင်ကျော်ဖြိုး#Mizzima#ကျောက်ဆည်#မိုင်းဆွဲတိုက်ခိုက်ရုပ်သံအညွှန်း- လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် စစ်ကောင်စီကားကို မိုင်းခွဲတိုက်ခိုက်စဉ်Video Link >>>
https://youtu.be/OpR2j7uOLUY-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ
https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U or
https://ift.tt/k1ESQlDhttps://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FOpR2j7uOLUY&h=AT16h-7n0yHRUU9e6YdPOfGPwPe3jqrbhQzdsqJAt_-DqLsvovDSenrw3GIBhlI3krHZikF_yi_uI86YPJEvkZNj5X05x7HZ_0b8zBmHx4EYgv3IBs9jzwVicpvuFJ0j&s=1