“ကျွန်တော်တို့ဟာ အမေရိကန်ရဲ့ အကြီးဆုံး စစ်လက်နက် ကုမ္ပဏီတွေနဲ့ လက်နက် ထုတ်လုပ်မှုနဲ့ ထုတ် လုပ်မှု အစီအစဉ်တွေအကြောင်း ဆွေးနွေးခဲ့တဲ့ အစည်းအဝေးဟာ တော်တော်လေး ကောင်းမွန်ပြီး အခုလေးတင် ပြီးဆုံးပါတယ်” ဟု ထရမ့်က Truth Social လူမှုမီဒီယာ၌ ပို့စ်တင်သည်။

“ကျွန်တော်တို့က အမြန်ဆုံး ဖြစ်နိုင်သမျှ အမြင့်ဆုံး ပမာဏကို ရောက်ရှိချင်တဲ့အတွက် သူတို့က ‘Exquisite Class’ လက်နက်တွေကို လေးဆတိုး ထုတ်လုပ်ပေးဖို့ သဘောတူခဲ့ကြပါတယ်၊ ထုတ်လုပ်ရေးအတွက် ပြင်ဆင်တိုးချဲ့မှုတွေက အစည်းအဝေးမတိုင်ခင် သုံးလကတည်းက စတင်ခဲ့တာ ဖြစ်တယ်၊ အဲဒီ လက်နက်တွေ အများအပြား ထုတ်လုပ်ဖို့အတွက် စက်ရုံတွေက အခုဆိုရင် စတင် လည်ပတ်နေပြီ” ဟု ၎င်းက ဆိုသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84144

#စစ်လက်နက်
#ကုမ္ပဏီများ
#အဆင့်မြင့်
#လက်နက်ထုတ်လုပ်မှု
#တိုးမြှင့်မည်
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment