Mizzima
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားများ စစ်မှုထမ်းကြရန် CNF တိုက်တွန်း
ပါခွီး
(မဇ္ဈိမ) ။ ။ အရွယ်ရောက်ပြီးသူချင်းအမျိုးသားပြည်သူတရပ်လုံး အမျိုးသားရေးအသိ ၊ အမျိုးသားရေးတာဝန်ဖြင့် ချင်းတော်လှန်ရေးတွင် စစ်မှုထမ်းကြရန် ချင်းအမျိုးသားတပ်ဦး(CNF) တိုက်တွန်းလိုက်သည်။
ချင်းလူမျိုးတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာသည့် ယနေ့(မတ်လ၂၀ရက်) တွင်ကျရောက်သည့် (၃၈နှစ်) မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“ဒီလိုပါ၊ ကျွန်တော်တို့ တော်လှန်ရေးလိုအပ်ချက်အရ အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းဖို့ တိုက်တွန်းတာဖြစ်ပါတယ်။ ဒါက စစ်မှုမထမ်းမနေရ ဆိုတာမျိုးထက်၊ အမျိုးသားရေးတော်လှန်ရေး အခြေအနေအရ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ခံယူပြီးတော့ ကျွန်တော်တို့ စစ်မှုထမ်းဖို့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမကို ပြောသည်။
အရွယ်ရောက်ပြီးသူတိုင်းစစ်မှုထမ်းရေးသည် ချင်းပြည်ကောင်စီ(CC) မှ ချမှတ်ထားသော သဘောထားဖြစ်သဖြင့် ကောင်စီဝင်ဖြစ်သော CNF အနေဖြင့်လည်းတ…
Comments
Be the first to add a comment