တရုတ်သည် အရှိန်အဟုန်ဖြင့် အိုမင်းလာသော လူဦးရေ၊ ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ် ပြန်လည် ရရှိမှု လျော့နည်းလာခြင်း၊ ပြိုလဲသွားသော အိမ်ခြံမြေကဏ္ဍ၊ မြင့်တက်လာသော ပြည်သူ့ကြွေးမြီနှင့် ကန့်သတ်ချက် ရှိလာသော ဘဏ္ဍာရေးအခြေအနေ စသည့် အချက်ပေါင်းများစွာကြောင့် စီးပွားရေး နှေးကွေးမှုနှင့် ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအား နည်းပါးမှုကို ပို့ကုန်ဖြင့် အစားထိုးရန်အတွက် အီးယူ၏ ဈေးကွက်ကြီးအပေါ် မှီခိုနေရသည်။ တရုတ်၏ စုစုပေါင်း ပို့ကုန်တွင် အီးယူ၏ ဝေစုမှာ ၁၅ ရာခိုင်နှုန်းခန့် ပုံမှန်လို ရှိသည်။ အကယ်၍ ကုန်သွယ်မှု ကန့်သတ်ချက်များကြောင့် ထို ဝေစု သိသိသာသာ ကျဆင်းသွားပါက တရုတ်စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်သည်။
အကယ်၍ တိုးတက်မှု တစုံတရာ မရှိပါက၊ အီးယူအနေဖြင့် 'စစ်ဘက်-နယ်ဘက် နှစ်မျိုးသုံးပစ္စည်းများ' တင်ပို့မှုကို ၂၀၂၁ ခုနှစ်က တင်ပို့ခဲ့သော ပမာဏတွင်သာ ရပ်တန့်ထားသင့်သည်။ Read more:
https://bur.mizzima.com/2026/03/13/84859