အနာဂတ်ပဋိပက္ခများကို ရည်မှန်း၍ တရုတ်က ဂြိုဟ်တုအုပ်စုကွန်ရက်များကို အနှောင့်အယှက်ပေးရန် နှင့် ပိတ်ဆို့ရန်နည်းလမ်းများကို ရှာဖွေခဲ့သည်။
ပြီးခဲ့သည့်လက တရုတ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ပညာရပ်ဆိုင်ရာ စာတမ်းတစောင်တွင် အဓိက တရုတ်တက္က သိုလ်ကြီးနှစ်ခုမှ သုတေသီများက ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေးကို ပိတ်ဆို့နိုင် ကြောင်း တွေ့ရှိခဲ့သည်။ သို့ သော် ကုန်ကျစရိတ်ကြီးမားလှသည်။
ထိုင်ဝမ်ကျွန်း အရွယ်အစားခန့်ရှိသော ဒေသတခုမှ Starlink ကွန်ရက်၏ အချက်ပြမှုများကို အနှောင့် အယှက်ပေးရန်အတွက် ဒရုန်း ၁,၀၀၀ မှ ၂,၀၀၀ အထိ လိုအပ်မည်ဖြစ်ကြောင်း South China Morning Post သတင်းစာက ကိုးကားဖော်ပြခဲ့သည့် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2025/12/05/74878