Mizzima
ယခုအပတ်အတွင်း ထွက်ပေါ်လာသော အဆိုပါသတင်းကြောင့် ဂျပန်နှင့်အတူ အမေရိကန်၏ အရေးအကြီးဆုံး အရှေ့အာရှမဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားအပေါ် ဒေါ်နယ်ထရမ့်၏ လုံခြုံရေးကတိ ကဝတ်နှင့် ပတ်သက်ပြီး သံသယများ ဖြစ်ပေါ်စေသည်။ ထို့ပြင် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားက ၎င်း၏ အိမ်နီးချင်း တောင်ကိုရီးယားအပေါ် ပိုမိုဖိအားများ တိုးမြှင့်ပေးလာနိုင်သည်ဟူသော သတိပေးမှုများလည်း ရှိနေသည်။
အမေရိကန်၏ အမြောက်တပ်ဖွဲ့များနှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို ယခုကဲ့သို့ ပြောင်း ရွှေ့တပ်ဖြန့်ခြင်းအား တောင်ကိုရီးယားအနေဖြင့် ကန့်ကွက်ကြောင်း လီဂျေမြောင်က ပြောရင်း "ဒါဟာ မြောက်ကိုရီးယားကို ဟန့်တားရေး ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်စေမလားလို့ မေးရင်တော့ မဖြစ်စေဘူးလို့ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်" ဟု အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောခဲ့သည်။
♦
သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အမေရိကန်
#ဒုံးကာစနစ်များ
#အရှေ့အလယ်ပိုင်း
#ရွှေ့ပြောင်း
#တောင်ကိုရီးယား
#စိုးရိမ်ပူပန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
Comments
Be the first to add a comment