စစ်ကောင်စီသည် ၎င်းကိုယ်တိုင် တဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ကြေညာထားသည့် ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများအတွင်း ပြည်သူလူထုအား ပစ်မှတ်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေ ၁၁၀ ကျူးလွန်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၂၀ အတွင်း လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၃ ကြိမ်နှင့် ပြည်သူလူထုပိုင်နေအိမ် မီးရှို့ဖျက်ဆီးမှု တကြိမ်၊ မိုင်းထောင်ခြင်း နှစ်ကြိမ်နှင့် ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်းတကြိမ် စသည်တို့ ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။ Read more: https://bur.mizzima.com/2025/04/26/54459

Comments

Be the first to add a comment