Mizzima
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထံ ငြိမ်းချမ်းရေးအစီအစဉ်တရပ် ပေးပို့ခဲ့ပြီး၊ တလနီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်ရန် အင်္ဂါနေ့တွင် အကောင်းမြင်မျှော်လင့်ချက်ဖြင့် ပြောကြားနေချိန်၌ အီရန်အစိုးရကလည်း 'ရန်လိုမှု မရှိသော' ရေနံတင်သင်္ဘောများကို အရေးပါလှသည့် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုကြောင်း ကြေညာခဲ့သည်။
ယင်းမှာ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် အလားအလာများမှာ အကြမ်းဖက်မှုအသစ်များနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပြီး၊ အစ္စရေးကလည်း ဘက်ပေါင်းစုံမှ ဆက်လက်ဖိအားပေးနေကာ လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေ ဒေသတခုကို သိမ်းပိုက်စိုးမိုးရန် ကြွေးကြော်ထားသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#ရေနံတင်သင်္ဘောများ
#ငြိမ်းချမ်းရေးအစီအစဉ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment