Mizzima
အာရှဖလား အဖွင့်ပွဲစဉ်မတိုင်မီ နိုင်ငံတော်သီချင်း သီဆိုဖို့ အီရန်အမျိုးသမီးအသင်း ငြင်းဆန်
The Guardian
အီရန်အမျိုးသမီး ဘောလုံးအသင်းဟာ ၂၀၂၆ အာရှဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မတိုင်မီ သူတို့ရဲ့ နိုင်ငံတော်သီချင်းကို သီဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ပြီးနောက်ပိုင်း အီရန်အမျိုးသမီးအသင်း ပထမဆုံးပွဲစဉ်အဖြစ် ကစားသွားခဲ့တာပါ။
တနင်္လာနေ့က အုပ်စု (A) ပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနဲ့ မကစားမီ နိုင်ငံတော်သီချင်း လာနေစဉ်မှာ အသင်းသားအားလုံးဟာ ရှေ့ကို တည့်တည့်ကြည့်ပြီး ငြိမ်သက်စွာ ရပ်နေခဲ့ကြတာပါ။ အဲဒီပွဲမှာတော့ တောင်ကိုရီးယားအသင်းက ကွင်းစလန်းပြည်နယ်၊ Gold Coast ကွင်းမှာ ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အီရန်အသင်းနည်းပြချုပ် မာဇီယေး ဂျာဖာရီ နဲ့ ကစားသမားတွေကတော့ စစ်ပွဲအကြောင်း ဒါမှမဟုတ် နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အီရန်အသင်းဟာ အရှေ့အလယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ မစတင်မီ ရက်အနည်းငယ် အလိုကတည်းက ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ သြစတြေးလျနိုင်ငံကို…
Comments
Be the first to add a comment