"အဖေ ကျွန်မကို တခါမှ ဖုန်းမဆက်ဘူး။ စာလည်း မရေးဘူး။ ဘာလို့ အဖေက ကျွန်မကို ဆေးရုံထဲမှာပဲ ဒီအတိုင်း အသက်ရှင်နေစေချင်ရတာလဲ။ ဒီလိုကိစ္စမျိုးကို မိဘတိုင်းက လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်ကြဘူးလို့ ပြောတယ်။ အဖေက ကျွန်မကို နားလည်ပါတယ်လို့ ခဏခဏပြောပေမဲ့ တကယ်တမ်းတော့ သူ နားမလည်ပါဘူး။" ဟု နိုအဲလီယာက ဖခင်အကြောင်းကို ပြောသည်။

နိုအဲလီယာ၏ ဘဝမှာ မလွယ်ကူခဲ့ပေ။ အသက် ၁၃ နှစ်အရွယ်တွင် မိဘများ ကွာရှင်းခဲ့ပြီးနောက် မိဘများ၏ လျစ်လျူရှုမှုကြောင့် ကတ်တလန်အစိုးရ၏ စောင့်ရှောက်မှုဖြင့် နေခဲ့ရသည်။

နောက်ပိုင်းတွင် နိုအဲလီယာသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် အကြမ်းဖက်မှုများကို အကြိမ်ကြိမ် ကြုံခဲ့ရသည်။ နောက်ဆုံးအကြိမ်တွင် ယောက်ျားလေး သုံးဦး၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် နိုအဲလီယာသည် အဆောက်အအုံတခု၏ ငါးလွှာပေါ်မှ ခုန်ချခဲ့သည်။ ထိုအချိန်မှစ၍ ခါးအောက်ပိုင်းသေသွားခဲ့ပြီး ညင်သာစွာ အဆုံးသတ်ခွင့်ရရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စပိန်အမျိုးသမီးငယ်
#ဘဝအဆုံးသတ်ခွင့်
#တရားရင်ဆိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment