မဇ္ဈိမ။ ။ လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေး ပေးမည်ဟု စစ်ကော်မရှင်ထိန်းချုပ် MRTV က ယနေ့ (မတ်လ ၁ ရက်) ညနေပိုင်းတွင် ထုတ်ပြန်သည်။
အမှုထမ်းသက်အပေါ်မူတည်၍ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးကို လစဉ်ပေးအပ်သွားမည်ဖြစ်ပြီး ထိုသို့ ပေးအပ်ခြင်းသည် မတ်လ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမှုထမ်းသက် ၁၀ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၁၀ နှစ်နှင့် အထက် ရှိသူများကို လစဉ် ၃၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၁၅ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၁၅ နှစ်နှင့် အထက်ရှိသူများကို လစဉ် ၅၀,၀၀၀ ကျပ်နှင့် အမှုထမ်းသက် ၂၀ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၂၀ နှစ်နှင့် အထက်ရှိသူများကို လစဉ် ၁၀၀,၀၀၀ ကျပ် ပေးအပ်မည်ဟု ဖော်ပြသည်။ Read more:
https://bur.mizzima.com/2026/03/01/83433