သရက်ချောင်းမြို့နယ်ကို စစ်ကော်မရှင်လေကြောင်းက ဆက်လက်ဗုံးကြဲ

YT

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အား စစ်ကော်မရှင်တပ်က မတ်လ ၁၃ ရက်မှ ယနေ့ (မတ်လ ၁၅ ရက်) အထိ လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဝင်းဝစခန်း၏ အောက်ဘက် (သရက်ချောင်းမြို့နယ် အောက်ဘက်ခြမ်းရှိ) ဂုံညှင်းဆိပ်ရွာအနီးတဝိုက်သို့ ယနေ့ ညနေ ၅ နာရီဝန်းကျင်အထိ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံထံက သိရသည်။

“ အခုလည်းပဲ ဂုံညှင်းဆိပ် ပတ်ဝန်းကျင်မှာ စကခတွေ ဗုံးကြဲနေတာလေ ဆက်တိုက်ပဲ၊ အခု၊ အခု။ အလုံး ၅၀ လောက်ရှိတော့မယ် ဆက်တိုက်ပဲ။ Y12 နဲ့။ လက်နက်ကြီးတွေလည်း ပစ်နေတာ။ အခုက မကြေပွဲလိုက်နွှဲနေတဲ့ ပုံစံပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဝင်းဝစခန်းမှ ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများအား KNLA ပူးပေါင်းတပ်များက လိုက်လံရှင်းလင်းနေ၍ ထိုအနီးတဝိုက်ကျေးရွာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှလည်း လက်နက်ကြီးပစ်ခတ်ခြင်းတို့ ပြုလုပ်နေသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့နှင့် မတ်လ ၁၃ ရက်နေ့ကလည်း…

Comments

Be the first to add a comment