မဇ္ဈိမ။ ။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်း၏ နောက်ဆုံးကာကင်းစခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ်အပြင်းအထန် တိုက်ခိုက်ကာ ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ဆိုသည်။

နတ်ရေကန်ဗျူဟာကုန်း မကျစေရေး ထိုသို့ အပြင်းအထန် ပစ်ကူပေးနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း AA တပ်ဖွဲ့ဘက်မှ အကျအဆုံးရှိသော်လည်း စစ်ရေးအရ အသာစီးရနေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“ကိုယ့်ဘက်ကအကျအဆုံးရှိသလို အောင်ပွဲလည်းရှိပါတယ်။ ခွာစစ်ဆင်နိုင်မယ့် လမ်းက ကာကင်းကို AA က သိမ်းပိုက်လိုက်လို့ စစ်ကူပေးတာ၊ ခွာစစ် ဆုတ်တာ လုပ်ဖို့ စကစက ခက်ခဲနေလို့ တန်ပြန်ရအောင် ကြိုးစားမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ လေကြောင်း ပစ်ခတ်မှုတွေ နေ့စဥ် လုပ်လာပါတယ်။ မနေ့က အမ်းမြို့နယ်၊ တလိုင်းတောင် ရွာအနီးကိုလည်း လေကြောင်းက ဂျက်ဖိုက်တာနဲ့ လာပစ်ခတ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နတ်ရေကန်ရိုး၏ အောက်ဘက်၌ စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုးနေ၍ Read more: https://bur.mizzima.com/2026/03/08/84233

Comments

Be the first to add a comment