အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အင်အားဖြည့်တင်းမှု အတိုင်းအတာမှာ အီရန်အပေါ် ရေရှည် စစ်ဆင်နွှဲရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ပြောကြားသည်။
ယင်းစစ်ဆင်ရေးသည် အီရန်၏ နျူကလီးယားပစ်မှတ်များအပြင် အစိုးရခေါင်းဆောင်ပိုင်းကိုပါ တိုက်ရိုက်စိန်ခေါ် တိုက်ခိုက်သည်အထိ ကျယ်ပြန့်သွားနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
လက်ရှိ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ စစ်အင်အားဖြည့်တင်းမှုမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်ကြောင်း ဗြိတိန်စစ်တပ်တပ်မှူးဟောင်း ဗိုလ်မှူးကြီးရစ်ချက်ကမ့်ပ်က ပြောကြားခဲ့သည်။
“၁၂ ရက်ကြာစစ်ပွဲရဲ့ ရည်မှန်းချက်က သူတို့ရဲ့ နျူကလီးယားစွမ်းဆောင်ရည်ကို ဖျက်ဆီးဖို့နဲ့ ပဲ့ထိန်း ဒုံးကျည်တွေ အရှိန်အဟုန်နဲ့ ထုတ်လုပ်နေတာကို ရပ်တန့်ဖို့ပါ။ အခု ပြောနေတာကတော့ အီရန်အစိုးရကို ဖြုတ်ချဖို့အထိ ဖြစ်သွားပြီ။ ဒါက လုံးဝကို ကွဲပြားခြားနားတဲ့ အခြေအနေပါ” ဟု အဗီဗီက ဆိုသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/02/23/82833#အီရန်
#အမေရိကန်
#စစ်အင်အားဖြည့်တင်းမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews