ထူးဆန်းသောအိပ်မက်ဖမ်းကိရိယာ⭐️

အညွှန်းဖတ်ရန်
⬇️⬇️
ဇာတ်လိုက်ဖြစ်သူ ကန်ဏပန် ဟာ ဂိမ်းဆော့ရတာကို အရူးအမူးဝါသနာပါပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ ဂိမ်းထဲက ပစ္စည်းတွေဝယ်ဖို့ ကလေးတစ်ယောက်ကို အကြံပေးမိရာကနေ ထင်မှတ်မထားဘဲ အကြွေး သိန်း ၁၀ (ရူပီ) တင်သွားပြီး လူမိုက်ဂိုဏ်းစတား Devil Armstrong ရဲ့ ခြိမ်းခြောက်မှုကို ခံရပါတော့တယ်။
ဒီလိုနဲ့ စိတ်ညစ်ညစ်နဲ့ အိမ်နားက အသုံးမပြုတာကြာပြီဖြစ်တဲ့ ရေတွင်းဟောင်းတစ်ခုထဲကနေ ရေခပ်ရင်း ထူးဆန်းတဲ့ Dreamcatcher (အိပ်မက်ဖမ်းကိရိယာ) တစ်ခုကို ကောက်ရခဲ့ပါတယ်။ ကန်ဏပန်ဟာ ဘာမသိညာမသိနဲ့ အဲဒီ Dreamcatcher မှာ တပ်ဆင်ထားတဲ့ ကြက်တောင်မွေးတစ်ချောင်းကို ဆွဲနှုတ်လိုက်မိတဲ့အခါမှာတော့ ကျိန်စာတစ်ခု စတင်ပါတော့တယ်။
အဲဒီညကစပြီး သူအိပ်ပျော်သွားတိုင်း ကြောက်စရာကောင်းတဲ့ သရဲတစ္ဆေတွေရှိတဲ့ နန်းတော်ကြီးတစ်ခုထဲကို ရောက်သွားပြီး အဲဒီအိပ်မက်ကမ္ဘာထဲမှာ ထိခိုက်ဒဏ်ရာရရင် သို့မဟုတ် သေဆုံးရင် ပြင်ပလက်တွေ့ဘဝမှာပါ တကယ်ပဲ ဒဏ်ရာရ၊ သေဆုံးနိုင်တယ်ဆိုတာ သိလိုက်ရပါတယ်။ ပိုဆိုးတာက ကန်ဏပန်တင်မကဘဲ သူ့ရဲ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေပါ အကြောင်းအမျိုးမျိုးကြောင့် ဒီကျိန်စာမိနေတဲ့ အိပ်မက်ထဲကို တစ်ယောက်ပြီးတစ်ယောက် ဆွဲခေါ်ခံလိုက်ရတဲ့အခါမှာတော့...
သူတို့တစ်သိုက်လုံး အသက်ရှင်ဖို့အတွက် အိပ်ရာမဝင်ဘဲ (မအိပ်ဘဲ) ဘယ်လိုတွေ တောင့်ခံကြမလဲ၊ ဒီကျိန်စာနောက်ကွယ်က လျှို့ဝှက်ချက်ကို ရှာဖွေပြီး အိပ်မက်ဆိုးကြီးထဲကနေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ဟာသတလောကော ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/hdoeohjf/4703

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment